ကျွန်မမြေး၏ ၁၁ နှစ်မြောက် မွေးနေ့ကို မိသားစုဝင်များနှင့် မြေထဲပင်လယ်စားသောက်ဆိုင်တွင် ဆင်နွှဲခဲ့ကြပါသည်။ အစားအသောက်မမှာမီ ကျွန်မသားက မွေးနေ့ရှင်လေးကို ဘာစားချင်လဲ ဟုမေးရာ၊ သူက ဆော်လမွန်ငါး ကြိုက်တယ်ဟု သူ့ဖခင်ကို ပြောခဲ့သော်လည်း အလွန်ဈေးကြီးမှန်း သူသိသည်။ “ဒါ သားရဲ့ မွေးနေ့လေ။ သားစားချင်ရင် စားလို့ရတယ်”ဟုပြောရာ၊ မြေးလေး ပီတိဖြစ်ပြီး သူ၏နှစ်ခြိုက်ဖွယ်အပြုံးက ထိုပီတိကို ဖော်ပြနေသည်။
သားအပေါ်ထားသော ဖခင်၏မေတ္တာက ဘုရားသခင်၏ရက်ရောသောချစ်မေတ္တာ တစ်စိတ်တဒေသကို အမှတ်ရစေသည်။ ၁ယော ၃ တွင် ကျွန်ုပ်တို့အပေါ် သွန်းလောင်းသော ဘုရားသခင်၏“ကြီးမားသောမေတ္တာ”ကို ဖော်ပြထားသည်။ သူ့အား ယုံကြည်သူအားလုံးကို သူ၏သားသမီးများ(:၁) ၊ အလွန်ကြွယ်ဝသော သူ့မေတ္တာကို ခံစားရသူများဟု ဘုရားရှင်ကခေါ်သည်။ ဤချစ်မေတ္တာကို အကောင်းဆုံးသောလက်ဆောင်ဖြစ်သည့် ခရစ်တော်၏အသေခံပေးခြင်းဖြင့် စံနမူနာပြခဲ့သည်။ သခင်ယေရှုသည် လက်ဝါးကပ်တိုင်ပေါ်တွင် “ကျွန်ုပ်တို့အတွက် အသက်ကို စွန့်တော်မူခဲ့သည်”(:၁၆)။ ကျွန်မတို့သည် ခရစ်တော်ကို…
သက်ကြီးအမျိုးသမီးတစ်ဦးသည် အလွန်ပူပြင်းသောလူသွားစင်္ကြံလမ်းဘေးတွင် ချော်လဲ၍သတိလစ်နေသည်။ လမ်းသွားလမ်းလာတော်တော်များများက အကူ အညီ ပေးကြသည်။ တစ်ဦးက ၉၁၁ ကို လှမ်းခေါ်သည်။ အခြားတစ်ဦးက သူ့ကုတ်အင်္ကျီကို သူမ၏ခေါင်းအောက်တွင် ညင်သာစွာ ခုခံပေးသည်။ အချို့က သူမ၏လက်အောက်တွင် တဘက်ခံထားပေးပြီး၊ တစ်ဦးက ဆေးကုအဖွဲ့ရောက်လာသည့်အထိ သူမ၏ခေါင်းကို ထီးမိုးပေးထားသည်။ ထိုအဖြစ်အပျက်ကို ဗီဒီယိုရိုက်ပြီး အွန်လိုင်းပေါ်တင်ခဲ့သူက အသက်အရွယ်စုံ၊ လူမျိုးစုံတို့ အသွားအလာရပ်ပြီး၊ အားလုံးက ဒုက္ခရောက်နေသူကို ဝိုင်းဝန်းကူညီပေးသည့် အလွန်စိတ်ကြည်နူးစရာ ကောင်းသော မြင်ကွင်းပါဟု ရေးသားခဲ့သည်။
ကျမ်းတတ်တစ်ယောက်က သခင်ယေရှုအား မည်သူသည် ကျွန်ုပ်နှင့်စပ်ဆိုင်သနည်း ဟုမေးခဲ့သည်(လု ၁၀:၂၉)။ သူ၏မေတ္တာကို မည်သူအား ပြအပ်သနည်းဟု သူဆိုလိုခြင်းဖြစ်၍၊ သခင်ယေရှုက ဓားပြများ၏ ပြင်းထန်စွာရိုက်နှက်မှုကြောင့် လမ်းဘေးတွင် လဲကျကာ သေလုနီးပါးလူတစ်ဦး၏အကြောင်းကို ပြောပြသည် (:၃၀-၃၁)။ ပုရောဟိတ်တစ်ယောက်၊ ထိုနောက် လေဝိလူတစ်ယောက်တို့ အနီးသို့ချဉ်းကပ်လာသော်လည်း မကူညီဘဲ ဖြတ်ကျော်သွားသည်။…
ဖျပ်ခနဲမြင်သည့်အရာကို မဖမ်းဆုပ်လိုက်နိုင်၊ ထိုအရာကို သင်တမ်းတနေပါသလား။ ဆရာကြီး စီအက်စ်လူးဝစ်စ် (C.S. Lewis) သည် ဝမ်းမြောက်မှုကို တောင့်တခဲ့သည်။ သူက “စကြဝဠာ၌ရှိသည့် ယခု ဖြတ်တောက်ခံရသည်ဟု ခံစားရသည့် အရာ(ဘုရား)နှင့်ပြန်လည်ပေါင်းစည်းရန်၊ အပြင်မှသာ အမြဲမြင်ခဲ့ရသည့် တံခါး၏အတွင်းပိုင်းသို့ ရောက်ရှိရန်မှာ ကျွန်ုပ်တို့၏ အခြေအနေမှန် ဖြစ်သည်။ အဆုံး၌ အတွင်းသို့ ဆင့်ခေါ်ခံလိုက်ရခြင်းက အနာဟောင်းကို ကုစားခြင်းဖြစ်ပြီး၊... ဝမ်းမြောက်ခြင်းရေပန်းမှစီးထွက်သည့် ဝမ်းမြောက်ခြင်းရေကို သောက်ရခြင်းက လူသား၏ပြီးပြည့်စုံမှုပင် ဖြစ်သည်”ဟု ရေးသားခဲ့သည်။
ဆရာကြီးလူးဝစ်စ်က ယေရှုကို မျက်နှာချင်းဆိုင်တွေ့သောအခါ အပြည့်အဝခံစားရမည့် ပျော်ရွင်မှုအကြောင်းကို ရေးခဲ့သည်။ ယေရှုကို ယုံကြည်သူများအနေဖြင့် ကိုယ်တော်နှင့်ကျွန်ုပ်တို့၏ဆက်ဆံရေးအားဖြင့်၊ ကျွန်ုပ်တို့အတွင်း၌ သန့်ရှင်းသောဝိညာဉ်တော်၏လုပ်ဆောင်မှုအားဖြင့် ခရစ်တော်၏ဝမ်းမြောက်ခြင်းကို ကျွန်ုပ်တို့ရရှိသည်။ သို့သော် ဝမ်းနည်းစရာမှာ အပြစ်နှင့်သေခြင်း၊ မကောင်းမှု၏ တွန်းအားများနှင့် ပျက်စီးသောလောကကြီးက ကျွန်ုပ်တို့၏ဝမ်းမြောက်ခြင်းကို နှောင့်နှေးစေခဲ့သည်။ ရှင်ပေါလုက “ယခုအခါ ငါတို့သည် ကြေးမုံတွင်…
Good Friday (မဟာသောကြာကြီးနေ့)က ဘာတွေကောင်းလဲ။ မကောင်းတဲ့နေ့၊ ဝမ်းနည်းဖွယ်သောကြာနေ့ဟု အဘယ်ကြောင့် မခေါ်သနည်း။ စင်စစ် ၎င်းသည် ဂုဏ်ပြုပွဲလုပ်ရသည့်နေ့ မဟုတ်ဘဲ၊ ဝမ်းနည်းပူဆွေးစွာ ဆင်ခြင်ရမည့် နေ့တစ်နေ့ဖြစ်သည်။ တစ်ခါတစ်ရံ၊ ဤနေ့ရက်ကို Holy Friday (သန့်ရှင်းသော သောကြာနေ့) ဟုလည်း ခေါ်ကြသည်။ ဂျာမနီနိုင်ငံတွင် Karfreitag(ခါဖရိုင်တာဂ်) (သို့) Sorrowful Friday (ဝမ်းနည်းစရာ သောကြာနေ့)ဟုခေါ်သည်။ သို့ဆိုလျှင် “ကောင်းသောနေ့”ဟု ခေါ်ဆိုသည့် ဓလေ့ကို မည်သို့ရခဲ့သနည်း။ အချို့က ၎င်းကို (God’s Friday) “ဘုရားသခင်၏ သောကြာနေ့”ဟုခေါ်သည့် ရှေးထုံးတမ်းစဉ်လာမှ ဆင်းသက်လာသည်ဟု ယုံကြည်ကြသည်။
အမည်နာမ၏ဇာစ်မြစ် မည်သို့ပင်ရှိစေကာမူ ယေရှုအသေခံခဲ့သော သောကြာနေ့ကို “ကောင်းမြတ်ခြင်း” ဟုခေါ်ဆို ခြင်းသည် သင့်လျော်ဆဲဖြစ်သည်။ အနစ်နာခံသောမေတ္တာစိတ်ဖြင့် ကျွန်ုပ်တို့၏အပြစ်များအတွက် သခင် ခရစ်တော်အသေခံခဲ့သည်။ ထို့ကြောင့် Good Friday က…
အဲလ်လန်နှင့်ကျွန်မတို့ ဘွဲ့လွန်ပညာရေးအတွက် ဖီလာဒယ်ဖီးယားမြို့သို့ ပြောင်းရွှေ့ရန် ဆုံးဖြတ်ခဲ့စဥ်က ကျွန်မတွင် အလုပ်မရှိသလို၊ ကျောင်းအဆောင်ကိစ္စကို မည်သို့ဖြေရှင်းရမည်ကိုလည်း မသိခဲ့ပါ။ ပြောင်းရွှေ့မည့်နေ့ မတိုင်မီ တနင်္ဂနွေနေ့တစ်နေ့၌ ကျွန်မတို့အသင်းတော်မှ သူငယ်ချင်းတစ်ဦးက အဲလ်လန်တက်မည့် တက္ကသိုလ်မှ ကျောင်းသားဟောင်းတစ်ဦးနှင့် မိတ်ဆက်ပေးခဲ့သည်။ ထိုသူက ဈေးသက်သာသည့် တိုက်ခန်းအကြောင်းပြောပြပေးခဲ့သည်။ ၎င်းနောက် ကျွန်မ၏လုပ်ဖော်ကိုင်ဖက်တစ်ဦးကလည်း ခရစ်ယာန်အဖွဲ့အစည်းတစ်ခုကို ဆက်သွယ်နိုင်မည့် ဖုန်းနံပါတ်ပေးခဲ့သည်။ ဘုရားသခင်သည် ကျွန်မတို့အတွက် နေစရာနှင့် အလုပ်အကိုင်အပါအဝင် အခွင့်အလမ်းများကို သူ့လူများအားဖြင့် ဆုတောင်းချက်အဖြေပေးခဲ့သည်။ မိသားစုနှင့် သူငယ်ချင်းများကလည်း ပြောင်းရွှေ့ရာတွင် ကူညီပေးပြီး ဆုတောင်းခြင်းဖြင့် ဝန်းရံပေးကြသည်။
ဒေသနာကျမ်းဆရာက တစ်ယောက်တည်းဘဝကို မဖြတ်သန်းခြင်း၏အကျိုး ကျေးဇူးကို ရေးထားပါသည်။ “လူသည် တစ်ယောက်တည်းထက် နှစ်ယောက် သာ၍ကောင်း၏”(၄:၉)။ လူနှစ်ဦး အလုပ်လုပ်လျှင် အလုပ်ပိုတွင်ပြီး အခက်အခဲရင်ဆိုင်ရလျှင်လည်း အချင်းချင်းကူညီနိုင်မည်၊ အဖော်ပြုနိုင်မည်၊ အန္တရာယ်များမှ ကာကွယ်နိုင်မည်ဖြစ်သည် (:၉-၁၁)။ ဆက်လက်ပြီး “သုံးလွန်းတင်သောကြိုး…
နှစ်ပေါင်းများစွာ ရုန်းကန်ဆုတောင်းအော်ဟစ်ပြီးနောက် ဖရန့်ခ် အရက်ဖြတ်ခဲ့သည်။ သူ့အသက်တာတွင် ဘုရားရှင်ပြုသည့်အမှုကြောင့် အရက်သေစာကို ဆက်လက်ရှောင်ပြီး တည်ကြည်ခဲ့သည်။ သို့သော် အရေးကြီးသော ပြောင်းလဲမှုအချို့ကိုလည်း သူလုပ်ခဲ့သည်။ အိမ်ထဲတွင် အရက်မထားတော့ဘဲ၊ သူ့အတွေးနှင့် စိတ်ခံစားချက်များ၌ သတိပေးသည့် အမှုအရာများကို စောင့်ကြည့်ပြီး၊ အချို့သောအခြေအနေများတွင် သတိရှိရှိ နေထိုင်သည်။ ဘုရားသခင်ကို အားကိုးပြီး သွေးဆောင်မှု သို့မဟုတ် အပြစ်ကို အခွင့်မပေးရန် သူသိသည်။ နားလည်သည်။
တမန်တော်ပေတရုက “သမ္မာသတိရှိလျက် မအိပ်ဘဲစောင့်နေကြလော့။ သင်တို့၏ ရန်သူတည်းဟူသော မာရ်နတ်သည်၊ ဟောက်သောခြင်္သေ့ကဲ့သို့ အဘယ်သူကို မျိုရမည်နည်းဟူ၍ လှည့်လည်ရှာဖွေလျက်ရှိ၏” (၁ ပေ ၅:၈)ဟု သတိပေးခဲ့သည်။ မိမိအသက်တာသည် သည့်ထက်ပို၍မကောင်းနိုင်တော့ဟု ထင်ခြင်း၊ (သို့) ဘဝကဏ္ဍတစ်ခုခုတွင် ငါဘယ်တော့မှ စုံစမ်းခြင်း ခံရမှာမဟုတ်ဟုထင်ခြင်း စသည့်မမျှော်လင့်သော အမှတ်တမဲ့အရာများဖြင့် မာရ်နတ်က မကြာခဏ တိုက်ခိုက်တတ်ခြင်းကြောင့် ကျွန်ုပ်တို့သတိထားရန် လိုအပ်ကြောင်း ပေတရုသိသည်။…
ကျွန်မ မအောင့်နိုင်တော့ပါ။ ကျွန်မတို့ဇနီးမောင်နှံသည် စတိုးဆိုင်မှ အခုလေးတင် ပြန်ရောက်လာပြီး၊ အထုတ်များချရင်း ဒိုးနတ်မုန့်ထုပ်ကို မတွေ့သဖြင့် ကျွန်မ အသည်းအသန်ရှာမိသည်။ ငွေလက်ခံဖြတ်ပိုင်းကို စစ်လိုက်ရာ၊ ဖြတ်ပိုင်း၌ မပါသဖြင့် ဒိုးနတ်မုန့် ပါမလာပါ။ “ကျွန်မ အလိုချင်ဆုံးက ဒိုးနတ်မုန့်လေ”ဟု စိတ်ပျက်လက်ပျက်နှင့် ကျွန်မညည်းမိသည်။ ဆယ့်ငါးမိနစ်ခန့် အကြာတွင် ကျွန်မခင်ပွန်းက ကျွန်မအား ဒိုးနတ်မုန့်ထုပ် ကမ်းပေးလာသည်။ ပြဿနာကို ဖြေရှင်းရန် ကျွန်မခင်ပွန်းသည် နှင်းကို အံတုလျက် ခိုးကြောင်ခိုးဝှက်ထွက်ကာ သွားပြန်ဝယ်ပေးခြင်းဖြစ်သည်။ “ကျွန်မရဲ့အာသီသကို ဖြည့်ဆည်းပေးဖို့ မုန့်ထွက်ဝယ်ပေးတာ ရှင်ဘာအထိအခိုက်မှမရှိလို့ ဝမ်းသာပါတယ်”ဟု ခင်ပွန်း၏လက်မောင်းကို ဆုပ်ကိုင်ပြီး ရှက်ကိုးရှက်ကန်းနှင့် ပြောလိုက်မိသည်။
ဒိုးနတ်ကို အာသီသပြင်းပြစွာ စားချင်စိတ်က တော်ယုံဖြစ်လေ့ဖြစ်ထမရှိပါ။ သို့သော် ယခုရက်သတ္တပတ်အတွင်း စိတ်ဖိစီးပြီး၊ ခံစားမှုမွန်းကြပ်သဖြင့် စိတ်ကို ဖြေသိမ့်ရန် ဒိုးနတ်ဘက်သို့ စိတ်ရောက်သွားခြင်းဖြစ်သည်။ သို့နှင့် ခင်ပွန်း၏ချစ်ခြင်း မေတ္တာနှင့်ကြင်နာမှုအားဖြင့် နက်ရှိုင်းသော…
နယူးယောက်မြို့လမ်းမပေါ်တွင် အသက်ရွယ်ကြီးရင့်သူတစ်ဦးသည် အားကစားလုပ်ရင်းပြေးနေစဉ်၊ အိမ်ခြေမဲ့တစ်ဦး၏အကူအညီတောင်းသည့် စာရေးထားသည့် ကတ်ပြားအနီးတွင် စုတ်ပြဲနေသော အားကစားဖိနပ်တစ်ရံကို သတိပြုမိသဖြင့် ရပ်လိုက်သည်။ သူသည် သူနှင့် အိမ်ခြေမဲ့သူ၏ဖိနပ်ဆိုဒ်တူကြောင်း တွေ့သောအခါ၊ သူ့ထက် အသက်ငယ်သော ထိုသူအား “ငါ့ဘဝတစ်လျှောက်လုံး ဘုရားသခင်က ငါ့အပေါ် အလွန်ကောင်းခဲ့ပြီး ကောင်းချီးများပေးခဲ့တယ်။ ဒါကြောင့် မင်းဆီကို ကောင်းချီး ပြန်လည်စီးဆင်းစေချင်ပါတယ်” ဟု အရင်ရှင်းပြ ပြီးမှ သူ၏ဖိနပ်နှင့် ခြေအိတ်များကို ချွတ်ပေးလိုက်ကာ ခြေဗလာနှင့် အိမ်သို့လမ်းလျှောက်ပြန်ခဲ့သည်။
ဤသူသည် ဘုရားသခင်က သူ့ကို ကောင်းစွာစောင့်ရှောက်ခဲ့သည့်အတွက် အခြားသူကို ကြင်နာမှုပြသခဲ့သကဲ့သို့၊ သခင်ယေရှုကို ယုံကြည်သူများအားလည်း “သနားစုံမက်ခြင်း...တို့ကို ယူတင်ဝတ်ဆောင်ကြ”ရန် (ကော၃:၁၂) ဘုရားသခင်စေစားသည်။ ကျွန်ုပ်တို့သည် မည်သည့်အရာကိုမဆို လုပ်ဆောင်သည်၊ ပြောဆိုသည်ဖြစ်စေ၊ “သခင်ယေရှု၏ နာမတော်ကိုထောက်၍” (:၁၇) လုပ်ဆောင်သင့်သည်။ သနားစုံမက်ခြင်းနှင့်အတူ “ကျေးဇူးပြုခြင်း၊ စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်း”(:၁၂) စသည်တို့ကိုလည်း…
ကျွန်မငယ်စဥ်က “ကောင်းချီးရေတွက်ကျူး” ဓမ္မတေးကို နှစ်ခြိုက်လှသည်။ ထိုသီချင်းက ဒုက္ခဆင်းရဲခြင်းနှင့်စုံစမ်းခြင်းများ ခံစားရပြီး စိတ်ပျက်ဝမ်းနည်းနေသူများအား “ခံစားရာကောင်းချီးမင်္ဂလာ”များကို “တစ်ခုနောက်တစ်ခု”ရေတွက် ချီးမွမ်းရန် ခွန်အားပေးထားသည်။ နှစ်များစွာကြာပြီးနောက် ကျွန်မ၏ခင်ပွန်း အယ်လင်သည် သူစိတ်ဓာတ်ကျသည့်အချိန်တိုင်းလိုလိုတွင် ထိုသီချင်းကို ဆိုပြရန် ကျွန်မကိုပြောသည်။ သို့နှင့် သူ၏ကောင်းချီးများကို ပြန်လည်ရေတွက်ရန် ကူညီပေးနိုင်ခဲ့သည်။ ထိုသို့ပြုခြင်းက သူ၏ရုန်းကန်မှုများ၊ သံသယများမှ အာရုံလွှဲစေပြီး၊ ဘုရားသခင်ထံ ပြန်လည်အာရုံပြု၍ ကျေးဇူးတော်ချီးမွမ်းရာအကြောင်း ဖြစ်စေခဲ့သည်။
ဧဇရမှတ်စာ၌ ဘုရားသခင်၏လူများသည် ကိုယ်တော်၏တန်ခိုးတော်နှင့် မစထောက်ပံ့ခြင်းအားဖြင့် ကြီးစွာသောဆင်းရဲဒုက္ခများကို ရင်ဆိုင်ခဲ့ကြောင်း ဖော်ပြထားသည်။ ဗာဗုလုန်၌ နှစ်ပေါင်းများစွာ ကျွန်ပြုခံရပြီးနောက်၊ ဣသရေလ လူမျိုးများအား ဣသရေလပြည်သို့ပြန်၍ ဗိမာန်တော် ပြန်လည်တည်ဆောက်ရန် ကုရုမင်း ခွင့်ပြုခဲ့သည်(ဧဇ ၁-၂)။ အမိမြေသို့ လူအနည်းငယ်မျှသာ ပြန်ခဲ့ကြပြီး၊ သူတို့ဝန်းကျင်ပတ်လည်ရှိ လူတို့ကို ကြောက်သော်လည်း၊ သူတို့ပြုရမည့်အမှုက ကြီးမားသော်လည်း ယဇ်ပလ္လင်ကို ပြန်လည်တည်ဆောက်ကာ ဗိမာန်တော်အုတ်မြစ်ကို…
ဖခင်ဖြစ်သူ မထင်မှတ်ဘဲ ကွယ်လွန်ပြီး မကြာမီတွင် အာရွန်သည် သူ့အဖေ၏ အသက်တာကို အတိုရှင်းဆုံး ဖော်ပြထားသည့် အဓိပ္ပာယ်ကိုယ်စီရှိသည့် ဖခင်စုဆောင်းခဲ့သည့်ပစ္စည်း၊ ဓာတ်ပုံ၊ ကျောက်တုံး၊ စာအုပ်၊ အနုပညာလက်ရာများနှင့် အခြားပစ္စည်း အခု ၂၀ ခန့်ကို ပိုစတာအရွယ် ဓာတ်ပုံကူးပြီး ဘောင်တပ်ကာ သူ၏မိခင်အား လက်ဆောင်ပေးခဲ့သည်။ အာရွန်က ပစ္စည်းများကို ရက်အတန် ကြာမျှ စုဆောင်းစီစဉ်ပေးပြီးနောက် သူ့ညီမ ရေချယ်လ်က ဓာတ်ပုံရိုက်ယူခဲ့သည်။
ထိုလက်ဆောင်သည် သူတို့၏ဖခင်အား မြင်နိုင်သောပစ္စည်းများဖြင့် ချီးကျူး ဂုဏ်ပြုခြင်းဖြစ်သည်။ သူ့ဖခင်သည် မိမိကိုယ်ကိုစက်ဆုပ်မှု၊ဆေးစွဲမှုတို့ဖြင့် ဆယ်စုနှစ်များစွာ ရုန်းကန်ခဲ့ရသော်လည်း သူတို့အပေါ်ထားသည့် ဖခင်၏ချစ်ခြင်းမေတ္တာကို မည်သည့်အခါမျှ သံသယ မဖြစ်စေခဲ့ပါ။ ဖခင်၏နောက်ဆုံး ဆယ်စုနှစ်ကာလများတွင် ဆေးစွဲသည့်ဘဝမှ ရုန်းထွက်နိုင်ခဲ့ခြင်းက ဘုရားသခင်၏ မေတ္တာတော်နှင့် အံ့ဩဖွယ်ကုသခြင်းတန်ခိုးတော်ကို သက်သေထူခဲ့သည်။
အနှစ်လေးဆယ်ကြာပြီးနောက် ဘုရားသခင်၏လူမျိုးများသည် ကတိတော်ထားရာပြည်သို့ ဝင်ရောက်ချိန်တွင် ယောရှုသည် ဣသရေလအမျိုး…